Map Graph

ကူကောင်းရွာ၊ ဝက်လက်မြို့နယ်

ကူကောင်းရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကူကောင်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၈၁၄ ဖြစ်သည်။ ဝက်လက်မြို့ ၏တောင်ဘက် ၆ မိုင်ခန့်အကွာတွင် တည်ရှိပြီး မီးရထားလမ်းနှင့် မနီးမဝေးသော ရွာတစ်ရွာဖြစ်သည်။ ရွာ၏ အဓိကလုပ်ငန်းမှာ တောင်သူအလုပ် ဖြစ်ပြီး ဒုတိယ ဦးစားပေးလုပ်ငန်းမှာ ယက္ကန်း အလုပ်ဖြစ်သည်။ ရွာတွင် ဘုန်းတော်ကြီးကျောင်း (၃) ကျောင်းရှိသည်။ ကျေးရွှာအတွက် စာသင်ကျောင်း ရှိပြီး မူလတန်း၊ အလယ်တန်း သာရှိသည်။ လျှပ်စစ်မီး မရရှိ၍ ကိုယ်ထူကိုယ်ထ ဆိုလာ မီးများကိုသာ အားကိုးကြရသည်။ ယခုအချိန်တွင် လျှပ်စစ်မီး သုံးစွဲရန် ၇၀ ရာခိုင်နုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ တစ်ရွှာလုံးတွင် စာသင်သား သံဃာတော် အပါး(၂၀၀) ခန့်ရှိသည်။

Read article